1


Saturday, May 30, 2015

Mobile Market မှာ ကိုယ်တိုင် ရေးထားတဲ့ Apk Upload တင်နည်းလေးပါ



ဒီကနေ့ Hlwan Moe Aung မေးထားတဲ့ mobile ကိုယ်တိုင် ရေးထားတဲ့ Apk Upload တင်နည်း ရေးပေး လိုက်
ပါတယ်ဗျာ။

မေးခွန်း ။ ။ Play store (or) One Mobile ပေါ်သို့ Application တင်နည်းနှင့် လိုအပ်ချက် များကို ပြည့်ပြည့် စုံစုံ 
သိချင်ပါတယ် ခင်ဗျ။ ကျေးဇူးပြု၍ ဖြေကြားပေးပါ ခင်ဗျာ။ တဲ့

ဟုတ်ကဲ့ပါ ခင်ဗျား ကိုယ်တိုင်ရေးတဲ့ Apkတွေကို Play Store မှာ တင်ရင်တော့ $25.00 USD ကျသင့်မှာ ဖြစ်ပါ
တယ်။



အဲ့တော့ 1Mobile Market ဘဲ တင်တဲ့နည်းလေးကို ပြောပြတော့မယ်နော်။

ပထမဦးဆုံး [ ဒီလင့်ကိုသွားလိုက်ပါ ] 
အဲဒီလင့်မှာ ပထမဦးဆုံး အကောင့်ဖွင့်ပါနော် အရမ်း လွယ်ပါတယ်ဗျာ။



ပုံမှာ ပြထားတဲ့ အတိုင်း SingUp ကို နှိပ်လိုက်ပါနော်



လိုအပ်တာတွေ အပေါ်မှာပြထားတဲ့ အတိုင်း အဆင့်ဆင့်ဖြည့်ပေး လိုက်ပါနော်။

အားလုံး ဖြည့်ပြီးရင် Next နဲ့ ဆက်သွား လိုက်ပါ။ ပြီးရင် အီးမေးကို ဖွင့်ထားပါနော်။



အပေါ်ပုံပါ အတိုင်း 1မိနစ် မပြည့်ခင် Verify လုပ်ပေး ရပါမယ်။



အီးမေးထဲ ပို့လာတဲ့ 1Mobile Market မေးကို ဖွင့်ပြီး Verify လုပ်ပြီးလို့ အောင်မြင်ရင် အောက်က ပုံလေး အ
တိုင်းပါဘဲ။



ကဲ ... နောက်တဆင့်က ကိုယ်တိုင် ရေးထားတဲ့ Apk Upload တင်ဘို့ အဆင့်ပါဘဲ အပေါ်က စာမျက်နှာလေး 
က ခဏအကြာမှာ အောက်က ပုံလေး အတိုင်း စာမျက်နှာ တခုပြောင်း သွားပါလိမ့်မယ်။



Add New Appliction ကို ဆက်ပြီး ကလစ်ပါ။



Titel နေရာမှာ App အတွက် သင့်တော်မည့် အမည်ပေး လိုက်ပါ။ ပြီးရင် App တင်ဘို့ မိမိစက်ထဲက ရွေးပေးလိုက်
ပြီး တင်ပေးလို့ ရပါပြီ။



မိမိ App အတွက် Sreenshot လေးတွေကို တော့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ထည့်ပေးရုံပါဘဲ။



ပုံတင်ပြီးရင် Save လိုက်ပါနော် ...။



အပေါ်က ပုံလေးက ကျွန်တော် တင်ထားတဲ့ ပုံလေး နမူနာပါ 1Mobile Market မှာ ကိုယ်တင်ထားတဲ့ App 
လေးပေါ်ဘို့ကတော့ ၁ ရက် ကနေ ၇ ရက် အထိ ကြာတတ် ပါတယ်တဲ့ ကဲ 1Mobile Market မှာ ကိုယ်တိုင်
ရေးထားတဲ့ Apk Upload တင်နည်းလေး ကတော့ ဒီမှာဘဲ အဆုံးသတ် ပါပြီ အားလုံး အဆင်ပြေ ပါစေဗျာ။

No comments:

Post a Comment

po

Blogger Tips and TricksLatest Tips And TricksBlogger Tricks

ag

Facebook Comment Box

Tricks and Tips