1


Wednesday, June 17, 2015

ထေရဝါဒ ဟောဓမ္မ (၂)


နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ (ပါ-ချုပ်၊ ITBMU)။ ရုပ်တရား ကို လေ့လာသုံးသပ်ခြင်း အကြောင်း (၁)။ ရန်ကုန်၊ ၁၃၇ဝ။ 
ရုပ်တရားကို လေ့လာသုံးသပ်ရာတွင်_ရုပ်နှင့်နာမ်ကို နှိုင်းယှဉ်
ခြင်း၊ အဘယ်ကြောင့် ရုပ်ဟုခေါ်ဆိုရကြောင်းနှင့် ရုပ်ဖောက်
ပြန်ပြောင်း
လဲရခြင်း အကြောင်း၊ ရုပ်ဟူသည်နှင့် ရုပ်ဖြစ်
ကြောင်းတရား
စသည်တို့ ပါဝင်အောင် ဟောကြားထားသည်။ 
တရားနာဖို့ရန် MP3ကို ဒီမှာဒေါင်းယူပါ။ 

နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ (ပါ-ချုပ်၊ ITBMU)
။ ရုပ်တရား ကို လေ့လာသုံးသပ်ခြင်း အကြောင်း (၂)။ ရန်ကုန်၊ ၁၃၇ဝ။ 
ရုပ်နှစ်ဆယ့်ရှစ်ပါးကို အမျိုးအစား ခွဲခြားပြခြင်း၊ ပဋိသန္ဓေအမျိုး အစားများ လူတို့သန္ဓေတည်နေ ရပုံ၊ ရုပ်၏ လက္ခဏာများနှင့် ရုပ်တရားကို သိရှိခြင်း၏ အကျိုးကျေးဇူးတို့ကို ဖေါ်ပြဟော
ကြားထားသည်။   
တရားနာဖို့ရန် MP3ကို ဒီမှာဒေါင်းယူပါ။ 

ပညိဿရ၊ ဒေါက်တာအရှင် (ဓမ္မဒူတ၊ ပဲခူး)။ ဖြူစင်သောစိတ်ထား။ ပဲခူး၊ ၁၁ ဖေဖေါ်ဝါရီ ၂ဝဝ၇။ 
တစ်ကိုယ်လုံး မီးစွဲလောင်နေသော မြွေ ပြိတ္တာအကြောင်းကို ညွှန်ပြလျက် စိတ်ကို ညစ်နွမ်းစေ သည့် ကာမစ္ဆန္ဒနီဝရဏ (လောဘ)နှင့် ဗျာပါဒ နီဝရဏ (ဒေါသ) စသော နီဝရဏနှစ်ပါး ကို ထင်ရှားအောင် ဖေါ်ပြထားပြီး ယင်းတို့ကို ကျော်လွှားကာ စိတ်ကိုဖြူစင်အောင်ထားပုံတို့ကို ဟောကြားထားသည်။
တရားနာဖို့ရန် MP3ကို ဒီမှာဒေါင်းယူပါ။  

ပညိဿရ၊ ဒေါက်တာအရှင် (ဓမ္မဒူတ၊ ပဲခူး)
။ ဘဝစစ်တမ်း။ ပဲခူး၊ ၉ နိုဝင်ဘာ ၂ဝဝ၆။ 
အရှင်ရဋ္ဌပါလနှင့် ကောတဗျမင်းတို့၏ တရားဆွေးနွေးစကား ကို ကိုးကားလျက် မိမိ၏ ဘဝကို စစ်တမ်း ထုတ်ကြရန်နှင့်
၁။ အို နာ သေခြင်းတို့ကြောင့် ဘဝသည် မတည်မြဲကြောင်း၊ ၂။ မိမိ အားထုတ်ထားသော တရားမှတစ်ပါး အားကိုးစရာ မရှိကြောင်း၊ ၃။ သေသည်၏ နောက်တွင် ပိုင်ဆိုင်သမျှတို့ကို စွန့်ခွါခဲ့ရမည် ဖြစ်သဖြင့် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိကြောင်းနှင့် ၄။ တဏှာ လောဘကြောင့်မည်သည့်အခါမျှ ပြည့်စုံကျေနပ်
ခြင်း မရှိနိုင်ကြောင်းတို့ကို စိတ်တွင် စွဲမြဲထားကြရန် ဆုံးမ
ဟောကြားထားသည်။  
တရားနာဖို့ရန် MP3ကို ဒီမှာဒေါင်းယူပါ။  

ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်)
။ ဉာဏ်သုံးဆင့်တက်ပုံနှင့် အလုပ် စဉ်ပြတရား။ မိုးကုတ်၊ ၉ ဒီဇင်ဘာ ၁၉၅၉။ 
မဂ်ဉာဏ် အဆင့်သုံးဆင့်တက်ပုံနှင့် မဂ်ဉာဏ်သည် ကျင့်ကြံ အားထုတ်မှသာ ရရှိနိုင်ပြီး တစ်ပါးသူထံမှ ခွဲဝေယူ၍ မရရှိနိုင်
ကြောင်းတို့ကို ရှင်းလင်းဟောကြားထားသည်။   
တရားနာဖို့ရန် MP3ကို ဒီမှာဒေါင်းယူပါ။  

ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်)
။ ဥတ္တရလုလင်ဥပမာပြ၊ ဝိပဿနာ အားထုတ်နည်း။ မိုးကုတ်၊ ၁ဝ ဒီဇင်ဘာ ၁၉၅၉။ 
သံသရာကို အဆုံးသတ်ခြင်း အလို့ငှါ အားထုတ်ရမည့် ဝိပဿနာ ကျင့်စဉ်ကို "ဥတ္တရလုလင်" ဇာတ်ကြောင်း ဥပမာပြဖြင့် လိုရင်းတိုရှင်း နည်းပေးဖေါ်ပြထားသည်။   
တရားနာဖို့ရန် MP3ကို ဒီမှာဒေါင်းယူပါ။ 

No comments:

Post a Comment

po

Blogger Tips and TricksLatest Tips And TricksBlogger Tricks

ag

Facebook Comment Box

Tricks and Tips