1


Wednesday, June 17, 2015

အဘယ့်ကြောင့် ဒေ၀ဒတ်ကို ရဟန်းပြုပေးပါသနည်း

မိလိန္ဒမင်းကြီးက 
အရှင်နာဂ
သိန်မထေရ်ကို
“အရှင်ဘုရား၊
 မြတ်စွာဘုရားသည်
 ဒေ၀ဒတ်ကို ရဟန်းပြုပေးလိုက်လျှင်
နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု သိတော်မူသည် မဟုတ်ပါလော၊
သိပါလျက် အဘယ့်ကြောင့် ရဟန်းပြုပေးပါသနည်း၊
ရဟန်းပြုမပေးလျှင် သံဃာကို သင်းခွဲ၍ မဖြစ်နိုင်သည် မဟုတ်ပါလော”
ဟု မေးလျှောက်ရာ

အရှင်နာဂသိန်မထေရ်က
“မင်းကြီး၊ ဒေ၀ဒတ်သည် နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟုမြတ်စွာဘုရား မြင်တော်မူ၏။ မြင်တော်မူသော်လည်း အကယ်၍ ရဟန်းပြုမပေးက
သံဃဘေဒက = သံဃာကို သင်းခွဲသောကံထက် ဆိုးဝါးကြမ်းကြုတ်သည့်
နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြုလိမ့်မည် ဧကန်ဖြစ်၏။

သံဃဘေဒကကံသည် အပါယ်သို့ ကျစေမည်ဖြစ်သော်လည်း ကာလအပိုင်းအခြားရှိသေး၏။ ရဟန်းပြုမပေးလျှင် နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြု၍ ကာလအပိုင်းအခြားမရှိ ငရဲဒုက္ခခံရမည်ကို သိမြင်တော်မူသောကြောင့်

“ငါဘုရား၏သာသနာ၌ ရဟန်းပြုလျှင် ဒေ၀ဒတ်ခံရမည့် ဒုက္ခသည် 
အပိုင်းအခြားရှိလိမ့်မည်ဟု သနားတော်မူသောကြောင့်
ကြီးလေးသောဒုက္ခ ပေါ့အောင်ပြုသည့်အနေ(ဖြင့်)
မြတ်စွာဘုရားသည် ဒေ၀ဒတ်ကို ရဟန်းပြုပေးပေသည်” 

စသည်ဖြင့် ဥပမာအမျိုးမျိုး ဖော်ပြဖြေဆိုတော်မူသည်။

(မိလိန္ဒပဥှာ၊ ၄-မေဏ္ဍက၀ဂ်၊ ၃-ဒေ၀ဒတ္တပဗ္ဗဇ္ဇပဥှာ၊ စာ ၁၁၃ မှ)
ဗုဒ္ဓ၀င် ပတွဲ၊ မု

....................................
  စိတ်ဝင်စားစရာကောင်းတာလေးက အရှင် ဒေ၀ဒတ် သည် သံဃာကို သင်းခွဲပြီး မြတ်စွာဘုရားကို လုပ်ကြံခဲ့သောလည်း၊ သံဃာကို သင်းမခွဲခင် ကြိုးစားအားထုတ်တရားမှတ်ခဲ့ သောကြောင့် နောင်တစ်ချိန်တွင် ပစ္စေကဗုဒ္ဓ ဖြစ်မည်ဟု သိရပါသည်။ 

No comments:

Post a Comment

po

Blogger Tips and TricksLatest Tips And TricksBlogger Tricks

ag

Facebook Comment Box

Tricks and Tips